မကွေးတိုင်း၊ တောင်တွင်းကြီးမြို့မှာ ဇွန် ၁၆ ရက် ညက ရဲတချို့သေနတ်နဲ့ ပစ်ခံရတယ်လို့ ဒေသခံ တွေဆီက သိရပါတယ်။
မြို့ခံမျက်မြင်တွေ့သူ တစ်ဦးက ''ည ၇ ခွဲလောက်က စီးပွားရေးဘဏ်နားမှာ ကင်းပုန်းဝတ်နေတဲ့ ရဲ သုံးလေးယောက်လောက်ကို ဆိုင်ကယ်နဲ့လာတဲ့လူနှစ်ယောက်က သေနတ်နဲ့ပစ်သွားတာ။ သေနတ်သံကြားလို့ လှမ်းကြည့်လိုက်တော့ ရဲတစ်ယောက်လဲကျသွားတာတော့ မြင်လိုက်တယ်။ ဆိုင်ကယ်နဲ့လာပစ်သူတွေကတော့ မောင်းပြေးသွားကြတယ်။ ရဲတွေဘက်ကလည်း နောက်ကနေလိုက်ပစ်တာ အတွဲလိုက်ဘဲ။ လိုက်ပစ်တဲ့အချက်ရေများတယ်။ လမ်းသွား လမ်းလာ တွေကို တားပြီးစစ်နေတယ်''လို့ ပြောပါတယ်။
အဆိုပါ ပစ်ခတ်မှုနဲ့ ပတ်သက်ပြီး ဒီဗွီဘီက တောင်တွင်းကြီးမြို့မရဲစခန်းကို ဆက်သွယ်မေးမြန်းတဲ့အခါမှာ လက်ခံဖြေကြားမယ့်သူ မရှိပါဘူး။
စစ်တပ်အာဏာသိမ်းပြီး တောင်တွင်းကြီးမြို့ရဲ့ နေရာ ၅ နေရာမှာ ဗုံးပေါက်ကွဲပြီးနောက် ရဲနဲ့ စစ်သားတွေက ယူနီဖောင်းဝတ်အပြင် အရပ်ဝတ်တွေနဲ့ပါ မြို့ပေါ်လှည့်လည် သွားလာနေပါတယ်။