Home
မြန်မာသတင်း
မွန်ပြည်နယ်တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၁ ဦး သေဆုံး
DVB
·
June 10, 2021
198078716_1628282960835966_1174071293279565367_n

မွန်ပြည်နယ်က ကိုဗစ်-၁၉ အတည်ပြုလူနာ တစ်ယောက် ဇွန် ၁၀ ရက် မနက်ပိုင်းမှာ သေဆုံးခဲ့တယ်လို့  ကိုဗစ်အရေးကူညီဆောင်ရွက်နေသူက ပြောပါတယ်။

သေဆုံးသွားသူဟာ ချောင်းဆုံမြို့နယ်၊ ရွာလွတ်ကျေးရွာက အသက် ၆၉ နှစ်အရွယ် အမျိုးသားတစ်ယောက်  ဖြစ်ပြီး မော်လမြိုင်ဆေးရုံမှာ သေဆုံးသွားခဲ့တာပါ။

လူနာနဲ့ ထိတွေ့ခဲ့တဲ့ ဇနီးဖြစ်သူဟာလည်း ကိုဗစ်ရောဂါကူး စက်ခံထားရလို့ မော်လမြိုင်က တပ်မတော်ဆေးရုံ မဆရ(၅)မှာ တက်ရောက်ကုသနေရပါတယ်။

မွန်ပြည်နယ်မှာတော့ ဇွန် ၁၀ ရက်အထိ ကိုဗစ်အတည်ပြုလူနာ ၁၇ ဦးထိ ရှိလာပြီး  သူတို့ အားလုံးကို အရပ်ဘက်ဆေးရုံဆီ ပြန်ပြောင်းကုသပေးဖို့ စီစဉ်နေပါတယ်။

မွန်ပြည်နယ်မှာတော့ စစ်တပ်အာဏာသိမ်းပြီးနောက် ကိုဗစ်အတည်ပြုလူနာ ကုသမှုတွေ ယာယီ ရပ်ဆိုင်းခံရပါတယ်။ ဒါပေမဲ့ မေလ ဒုတိယအပတ်ကစပြီး ကိုဗစ်သံသယလူနာတွေကို ရောဂါပိုး ရှိ၊မရှိ ပြန်လည် စစ်ဆေးရာမှ ကိုဗစ်အတည်ပြုလူနာတွေ တကျော့ပြန် တွေ့ရှိလာခဲ့တာပါ။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024