Home
မြန်မာသတင်း
ကနီတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၈ ဦး သေဆုံး
DVB
·
June 10, 2021
199371846_2853359398312298_1450485265673701666_n

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ ဇွန် ၉ ရက်က ၃၅ မိုင်နဲ့ ၃၆ မိုင်ကြား  အကြမ်းဖက်စစ်တပ်နဲ့ ကနီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။

တိုက်ပွဲမှာ အကြမ်းဖက်စစ်တပ်က ၈ ယောက် သေဆုံးသွားခဲ့ပြီး ၁၁ ယောက် ဒဏ်ရာရရှိခဲ့ကာ ကနီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ကတော့ ကျဆုံးရှိ၊ မရှိ မသိရသေးဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“အခု တိုက်ပွဲဖြစ်တဲ့ရွာနားက  ရွာသား ၃ ဦးကိုလည်း ဘာမှမဆိုင်ပဲ ရိုက်နှက်တာတွေ ရှိတယ်။ ငါတို့ကို တိုက်ခိုက်တာ ဟောဒီရွာကလို့ စွပ်စွဲပြောဆိုပြီး သေနတ်ပစ်ဖောက်တာတွေ ရှိတယ်။ တစ်ရွာလုံးကို မီးရှို့ပစ်မှာဆိုပြီးတော့လည်း ခြိမ်းခြောက်သွားသေးတယ်”လို့ ဒေသခံ တစ်ဦး ပြောပါတယ်။

ကနီမြို့နယ်မှာ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ကနီပြည်သူ့ကာကွယ်ရေးတပ် PDFနဲ့ အကြမ်းဖက်စစ်တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရ သေဆုံးမှုတွေလည်း ရှိခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024