မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ ဇွန်လ ၈ ရက်နေ့က မန္တလေးကနေ ဆေးကုပြီး ပြန်လာသူ တစ်ယောက်ဆီကနေ ကိုဗစ်-၁၉ လက္ခဏာ တွေ့ရှိခဲ့ပါတယ်။
“ပိုးတွေ့လူနာက နေမကောင်းဖြစ်နေတာ အတော်ကြာနေပြီ။ အိမ်မှာ ဆရာဝန်နဲ့ ကုရာက ဂရင်ဂျီနာ စဖြစ်လာတာကြောင့် မန္တလေးကို ဆင်းကုပြီး ပြန်လာပြီးနောက် ကိုဗစ်လက္ခဏာတွေ တွေ့ရတာ”လို့ လူနာနဲ့နီးစပ်တဲ့မြို့ခံကပြောပါတယ်။
ဇွန်လ ၈ ရက်နေ့မှာပဲ လူနာနဲ့အတူ လူနာကို ကုပေးတဲ့ဆရာဝန်ပါ မန္တလေးကို ဆင်းသွားတယ်လို့ သိရပါတယ်။
မိုးကုတ်မြို့မှာ ကိုဗစ်-၁၉ စစ်ဆေးရေးဂိတ်တွေကို ပိတ်သိမ်းထားပြီးဖြစ်သလို ကွာရန်တင်း စင်တာတွေကလည်း ပိတ်သိမ်းထားပါတယ်။