Home
သတင်းဓာတ်ပုံ
ယင်းမာပင်- ဆားလင်းကြီးဒေသက ပြည်သူများ၏ စစ်အာဏာရှင်ဆန့်ကျင်ရေး ရက် ၉၀ ပြည့်သပိတ်နှင့် ဆု​တောင်းပွဲ
DVB
·
June 8, 2021
198819010_2759965900892635_8244987550296511326_n
198173463_2759966514225907_6676131708382351717_n
198078723_2759966070892618_8355230222961242903_n
197915705_2759965060892719_3788153542226971050_n
197788248_2759965574226001_1189767007658355786_n
197668275_2759965660892659_3498346399779358365_n
197622311_2759965790892646_4511165558044900824_n
197562756_2759965307559361_3473412510553340199_n
197477269_2759965424226016_5404725951019323865_n
197468289_2759966600892565_6319784959030426421_n
197402311_2759966400892585_6670642274450697447_n
197287790_2759965980892627_2178522868623169678_n
196988269_2759964740892751_5293365465484175563_n
196988269_2759964740892751_5293365465484175563_n (1)
196948432_2759965480892677_8132859031552140344_n

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်နဲ့ ဆားလင်းကြီးမြို့နယ်တို့က ​ကျေးလက်​နေ ပြည်သူတွေရဲ့ စုပေါင်းသပိတ်စစ်ကြောင်းဟာ စစ်အာဏာရှင်အမြစ်ပြတ်ဖြုတ်ချရေး သပိတ်မှောက်နေတာ   ရက်​ပေါင်း ၉၀ ပြည့်​နေ့အဖြစ် ဒီနေ့ ဇွန်လ ၈ ရက်​နေ့မှာ ဆက်လက်ဆန္ဒပြခဲ့ကြပြီး  ကျဆုံးသူရဲကောင်းတွေအတွက် ဆု​တောင်းပွဲကိုလည်း ပြုလုပ်ခဲ့ပါတယ်။

ဒီက​နေ့ ဆန္ဒပြသူတွေက စစ်အာဏာရှင်ဆန့်ကျင်တဲ့ ကြွေး​ကြော်သံတွေနဲ့ လမ်း​လျှောက်ဆန္ဒ​ဖော်ထုတ်ခဲ့သလို ထိုင်သပိတ်ကိုလည်း ပြုလုပ်ခဲ့ကြပြီး ဒီမိုက​ရေစီ​တောင်းဆိုရင်း နွေဦးတော်လှန်ရေးမှာ အသက်​ပေးသွားရတဲ့ အာဇာနည်သူရဲ​ကောင်းတွေအတွက်  ဘုရားမှာ နှင်းဆီပန်းကပ်လှူ ဂုဏ်ပြုဆု​တောင်းပေးခဲ့ကြတာပါ။

နှစ်မြို့နယ်ပူး​ပေါင်းသပိတ်တပ်ဟာ ​စစ်အာဏာရှင်အမြစ်ပြတ်ဖြုတ်ချ​ရေးသပိတ်ကို ​နေ့စဉ် နေပူပူ မိုးရွာရွာ ပုံစံအမျိုးမျိုးနဲ့ ပြုလုပ်​နေကြတာဖြစ်ပြီး ဒီ​နေ့အချိန်ထိ ဆန္ဒ​ဖော်ထုတ်တဲ့ ပြည်သူအင်အား ​ကောင်း​နေဆဲ ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024