
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ ကျည်းပင်ရွာနဲ့ဖလံရွာ နှစ်ရွာကြားမှာ ဇွန် ၇ ရက်က အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲ ဖြစ်ခဲ့တယ်လို့ ပုလဲမြို့ခံတွေဆီက သိရပါတယ်။
မနေ့ညက စစ်ကောင်စီကခန့်တဲ့ ကျောင်းဆရာနဲ့ ကျည်းပင်ရွာခံက လူငယ်တွေစကား များပြီး ကျောင်းဆရာရဲ့ သတင်းပေးတိုင်ကြားချက်ကြောင့် စစ်ကောင်စီတပ်တွေက လူငယ်တွေကို လာရောက်ဖမ်းဆီးရာမှ တိုက်ပွဲဖြစ်ခဲ့တာလို့ ဒေသခံတစ်ယောက်က ပြောပါတယ်။
"ရွာကကလေးတွေကိုဖမ်းလို့ စစ်ကောင်စီတပ်တွေနဲ့ ဒီနေ့ နေ့လယ်တစ်နာရီခွဲလောက်မှာ ပြည်သူ့ကာကွယ်ရေးတဖွဲ့နဲ့တိုက်ပွဲ ဖြစ်တာဗျ”။
တိုက်ပွဲဖြစ်ပွားရာမှာ ပြည်သူဘက်ကတော့ ထိခိုက်အကျအဆုံးမရှိဘဲ စစ်ကောင်စီဘက်ကတော့ ရဲနှစ်ယောက်အပြင်းထန်ဒဏ်ရာရလို့ ပုလဲ ပြည်သူ့ ဆေးရုံမှာတင်ထားရတယ်လို့လည်း ပြောပါတယ်။