Home
မြန်မာသတင်း
တနင်္သာရီတိုင်းအတွင်းရှိ INGO ရုံးများပိတ်သိမ်းရန် အကြမ်းဖက်စစ်ကောင်စီ ညွှန်ကြား
DVB
·
June 6, 2021

တနင်္သာရီတိုင်းအတွင်း မြို့နယ်အလိုက်ဆောင်ရွက်နေတဲ့ အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့ အစည်းအသင်းအဖွဲ့(INGO)ရုံးတွေကို လတ်တလောအခြေအနေအရ ခဏပိတ်ထားဖို့နဲ့ သက်ဆိုင်ရာရုံးချုပ်တွေမှာ ပြောင်းရွေ့ အခြေပြုနေထိုင်ကြဖို့ စစ်ကောင်စီက အသိပေး ကြေညာ လိုက်ပါတယ်။ 

တိုင်းလူမှုဝန်ထမ်းရုံး ညွှန်ကြားရေးမှူးက   ဇွန် ၂ ရက်နေ့စွဲနဲ့ ညွှန်ကြားစာ ထုတ်ပြန်ထားတာဖြစ်ပြီး တနင်္သာရီတိုင်းအတွင်း အကောင်အထည်ဖော်ဆောင်ရွက်နေတဲ့  အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့ အစည်းအသင်းအဖွဲ့(INGO) တွေဟာ အသင်းအဖွဲ့မှတ်ပုံတင် ခွင့်ပြုချက်မရှိဘဲ လုပ်ငန်းတွေ ဆောင်ရွက်ခြင်းမပြုဖို့လည်း သတိပေးထားပါတယ်။

စစ်ကောင်စီကဘာကြောင့် ခုလိုလုပ်ဆောင်တယ်ဆိုတာ မသိရပေမယ့် ဒီလုပ်ရပ်ကြောင့်  ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေ များစွာထိခိုက်နိုင်တယ်လို့ INGO အဖွဲ့တဖွဲ့ရဲ့ အမည်မဖော်လိုသူ ဆရာဝန်တစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။

 “အခုလို ထုတ်ပြန်လိုက်တာဟာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေ၊ လူထုကျန်းမာရေးစောင့်ရှောက်မှုနဲ့  အထွေထွေ အသိပညာဖြန့်ဝေတဲ့လုပ်ငန်းတွေကို အများကြီး ထိခိုက်သွားတယ်။  ပြည်သူတွေအတွက် အများကြီး နစ်နာသွားတာပေါ့”။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတဝန်း အကြမ်းဖက်စစ်ကောင်စီတပ်တွေက ပြည်သူလူထုတွေကိုအကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်တာ၊ တရားလက်လွတ်ဖမ်းဆီးတာ၊ ညှဉ်းပန်းနှိပ်စက်တာတွေ လုပ်နေသလို အရပ်ဘက်လူမှုကူညီရေးအသင်းရုံးတွေကို အဓမ္မ  အကြမ်းဖက်ပိတ်သိမ်းခိုင်းတာတာအပြင် ပရဟိတသမားတွေကိုလည်း ဖမ်းဆီးနေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024