မန္တလေးမြို့က မင်္ဂလာဆောင်တစ်ခုတွင် ဗုံးပေါက်ကွဲ
DVB
·
May 29, 2021
မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ၅၉ (A) လမ်း၊ ၁၀၇ လမ်းနဲ့ ၁၀၈ လမ်းကြား မင်္ဂလာဆောင်မှာ မေလ ၂၉ ရက် နေ့လယ်ပိုင်းလောက်က ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။
လက်လုပ်ဗုံးကို ပါဆယ်ထုတ်နဲ့ လက်ဖွဲ့ပုံစံပေးတာဖြစ်ပြီး ဗုံးပေါက်ကွဲမှုကြောင့် တစ်ဦး ပြင်းထန်ဒဏ်ရာရပေမယ့် အသက်အန္တရာယ် မစိုးရိမ်ရဘူးလို့ သိရပါတယ်။
ဒါ့အပြင် ဗုံးပေါက်ကွဲပြီး ဗုံးထဲက သံစ နဲ့ ဘောစေ့တွေ လွင့်စင်ကာ လူတော်တော်များများ ထိမှန် ပွန်းပဲ့ပေါက်ပြဲ ဒဏ်ရာရတာရှိခဲ့ပါသေးတယ်။