ကယားပြည်နယ် ဒီးမော့ဆိုမှာ မေလ ၂၈ ရက် ဒီနေ့ ညပိုင်းက တိုက်ပွဲပြင်းထန်နေတယ်လို့ ကယား PDF အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
စစ်ကောင်စီဘက်က အပြစ်မရှိတဲ့သူတွေ၊ ဘုရားကျောင်းတွေကို ပစ်ခတ်နေတာတွေ ရှိနေတာကြောင့် PDFဘက်က ဒီညပိုင်းမှာ ဒီမော့ဆိုရဲစခန်းကို ပြန်တိုက်နေတာဖြစ်တယ်လို့ PDF အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
တိုက်ပွဲက လက်ရှိအချိန်ထိ ပြင်းထန်နေပြီး စစ်ကောင်စီဘက်ကတော့ လက်နက်ကြီးတွေနဲ့ပါ ရမ်းသမ်းပစ်ခတ်နေတယ်လို့ ဆိုပါတယ်။
ခုတိုက်ပွဲမှာ PDFဘက်ကတော့ ထိခိုက်ကျဆုံးမှု မရှိသေးဘူးသလို စစ်ကောင်ဘက်က ထိခိုက်ကျဆုံးမှု ရှိမရှိကိုလည်း မသိရသေးဘူးလို့ ဆိုပါတယ်။
ရိက္ခာပို့ပေးသူ ၂ ဦးကိုလည်း စစ်ကောင်စီတပ်တွေက မေ ၂၇ ညမှာ ပစ်သတ်ခဲ့တယ်လို့ PDF ဘက်က ပြောပါတယ်။