မော်လမြိုင်တက္ကသိုလ်က ဆရာ၊ ဆရာမ ၂၉ ဦး ရာထူးက ထပ်မံထုတ်ပယ်ခံရ
DVB
·
May 28, 2021
မော်လမြိုင်တက္ကသိုလ်က CDM ဆရာ၊ ဆရာမ ၂၉ ဦးကို အာဏာသိမ်းစစ်ကောင်စီက ရာထူးကနေ ထပ်မံထုတ်ပယ်လိုက်တယ်လို့ သိရပါတယ်။
စစ်ကောင်စီဟာ CDM လုပ်ထားတဲ့ ဆရာ၊ ဆရာမတွေကို အကြောင်းပြချက်မရှိဘဲ တာဝန်ပျက်ကွက်တာ၊ ဝန်ထမ်းစည်းကမ်းဖောက်ဖျက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ရာထူးကနေ ထုတ်ပယ်လိုက်တာ ဖြစ်ပါတယ်။
ထုတ်ပယ်ခံရတဲ့ ဆရာ၊ ဆရာမတွေထဲမှာ နည်းပြ၊ သရုပ်ပြနဲ့ ရုံးပိုင်ဆိုင်ရာ စာရေးတွေနဲ့ စာကြည့်တိုက်ဝန်ထမ်းတွေလည်း ပါဝင်တာပါ။
မော်လမြိုင်တက္ကသိုလ်က CDM ဆရာ၊ ဆရာမ ၁၈၄ ဦးကို စစ်ကောင်စီက ရာထူး ထုတ်ပယ်ထားပါတယ်။