
မန္တလေးတိုင်း မိုးကုတ်မြို့အနောက်ပိုင်း ကျပ်ပြင်စျေးကျောင်းမှာ မေ ၂၃ ရက်နေ့ မနက် ၁၁ နာရီဝန်းကျင်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့က စစ်သားတစ်ဦး ပြင်းထန်ဒဏ်ရာ ရခဲ့ တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတဦးက "ဗုံးပေါက်ကွဲသံကြားလို့ ထွက်ကြည့်တာ၊ ဒဏ်ရာရထားတဲ့သူတစ်ယောက်ကို ထမ်းပြေးသွားတာတွေ့တယ်၊ ပြီးတော့ ကြည့်နေတဲ့ သူတွေကို မင်းတို့ကြောင့်ဖြစ်တာလို့ ခြိမ်းခြောက်အော်သွားတယ်" လို့ ပြောပါတယ်။
ပေါက်ကွဲတဲ့အနားမှာ အာဏာသိမ်း စစ်ကောင်စီ တပ်သားတွေပဲရှိတာကြောင့် သူတို့ထောင်ပြီး သူတို့ပြန်ထိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မျိုးကုတ်မှာ မေ ၁၈ ရက်နေ့ကလည်း ပေါက်ကွဲမှုကြောင့် ဒဏ်ရာရသူရှိခဲ့တယ်လို့ သိရပါတယ်။