
ပဲခူးတိုင်း ဖဒိုနယ်မြေ ရဲစခန်းမှာ မေလ ၂၁ ရက် ည ၉ နာရီလောက်က ဗုံးနှစ်လုံး ပေါက်ကွဲခဲ့ပါတယ်။
အဆိုပါ ပေါက်ကွဲမှုမှာ ဖဒိုနယ်မြေ ရဲစခန်း ဂါတ်စာရေး ကျော်ဇေယျာမြင့်ရဲ့ ခြေထောက်နဲ့ မျက်နှာဒဏ်ရာရသွားပြီး ဖဒိုဆေးရုံမှာ တက်ရောက်ဆေးကုသမှု ခံနေပါတယ်။
အခု ဒဏ်ရာရသူ ဂါတ်စာရေး ကျော်ဇေယျာမြင့်ဟာ အာဏာသိမ်းပြီးကတည်းက ဖဒိုနယ်မြေမှာ ပြည်သူတွေကို ခြိမ်းခြောက်မှုတွေ အမြဲပြုလုပ်ခဲ့ပြီး ဆန္ဒပြပြည်သူကို ပစ်ခတ်ခဲ့တဲ့နေ့က ပါဝင်ခဲ့သူလည်း ဖြစ်ပါတယ်။
မတ်လ ၂၇ ရက်နေ့ ဖဒိုမြို့ ဆန္ဒပြပွဲတုန်းက ဖဒိုရဲစခန်းက ပစ်ခတ်လို့ ဆန္ဒပြသူ ၁ ဦးသေဆုံးပြီး ၁၂ ဦး ဒဏ်ရာရခဲ့ကြရပါတယ်။
ပစ်ခတ်မှုအပြီး တပတ်အကြာတုန်းကလည်း ရဲတပ်သားတစ်ဦးကို မြို့ခံပြည်သူအချို့က ဓားနဲ့ ထိုးသတ်ခဲ့ပါသေးတယ်။