မြန်မာနိုင်ငံရဲ့ အနောက်တောင်ဘက် ဘဂ်လားပင်လယ်ကွေ့အတွင်း လေဖိအားနည်းရပ်ဝန်း တခု စတင်ဖြစ်ပေါ်လာနေပီးလာမယ့် မေလ ၂၁ရက်နဲ့ မေလ ၂၇ရက်တွေအတွင်းမှာ ဆိုင်ကလုန်းမုန်တိုင်းအနေနဲ့ တိုက်ခတ်လာနိုင်စရာရှိတယ်လို့ အိန္ဒိယ မိုးလေဝသဌာနက သတင်း ထုတ်ပြန်ထားပါတယ်။
အဲဒီမုန်တိုင်း ပြင်းအားပမာဏကို ခန့်မှန်းဖို့ စောလွန်းနေသေးပေမယ့် ကွန်ပြူတာမော်ဒယ် ဖန်တီးမူတွေအရ အင်အားပြင်းထန်တဲ့ ဆိုင်ကလုန်းမုန်တိုင်း တခုဖြစ်ပေါ်လာနိုင်ပြီး မြန်မာနိုင်ငံ ရန်ကုန်မြို့ကို ဉီးတည်တိုက်ခတ်လာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
မြန်မာနိုင်ငံ မိုးဇလဌာန ဝက်ဘ်ဆိုက်မှာတော့ ဆိုင်ကလုန်းသတိပေးချက်လို့ ရေးသားထားပေမယ့် ထူးခြားမူမရှိနိုင်ဘူးလို့ ဖေါ်ပြထားပါတယ်။