
မန္တလေးတိုင်း၊ မိုးကုတ်မြို့၊ သဖန်းပင်ရပ်ကွက်က သဖန်းပင်စာသင်ကျောင်းမှာ မေလ ၁၇ ရက် ဒီနေ့ည.၈နာရီဝန်းကျင်က ဗုံးပေါက်ကွဲသံ နှစ်ချက်ကြားခဲ့ရတယ်လို့ ဒေသခံတွေပြောပါတယ်။
ပေါက်ကွဲသံ ကြားရာကို ရပ်ရွာက လူကြီးတွေသွားရောက်ကြည့်ရှုတဲ့အခါလက်လုပ် ဗုံးနှစ်လုံးပေါက်ကွဲခဲ့တာဖြစ်ပြီး မကွဲပဲကျန်နေတဲ့တစ်လုံး ရှိနေသေးတယ်လို့ဆိုပါတယ်။
မိုးကုတ်မြို့အရှေ့ပိုင်းမှာလည်း ပေါက်ကွဲသံတစ်ချက်ကြားရပြီး နေရာကိုအတိအကျတော့မသိရသေးဘဲ သေနတ်ပစ်သံတွေလည်း ဆက်တိုက်ကြားနေရတယ် မြို့ခံ ၁ ဦးက ပြောပါတယ်။
မိုးကုတ်မြို့မှာ အကြမ်းဖက်စစ်အုပ်စုက နေ့ခင်းပိုင်းမှာ လမ်းဆုံ၊ လမ်းခွတွေမှာ ကားတွေနဲ့ ပိတ်ရပ်ပြီး ပြည်သူတွေကို စစ်ဆေးနေပါတယ်။
Photo crd