Home
မြန်မာသတင်း
မိုးကောင်းမြို့ကပြည်သူများ မင်းတပ်မြို့နှင့်တသားတည်းရှိကြောင်း ဆန္ဒပြ
DVB
·
May 17, 2021
186466527_2931991747128567_6487703605232293749_n
186253937_2931991967128545_6866444235849151561_n
186198431_2931991897128552_5167878845216318123_n
186166770_2931991837128558_9140830665311324909_n
185227053_2931992023795206_7619426421277205053_n

ကချင်ပြည်နယ် မိုးကောင်းမြို့က ဒေသခံပြည်သူတွေဟာ  အကြမ်းဖက်စစ်အုပ်စုရဲ့ ဖိနှိပ်ခံနေရတဲ့ မင်းတပ်မြို့အခြေအနေနဲ့ပတ်သက်လို့ မင်းတပ်မြို့သားတွေနဲ့အတူ ရပ်တည်ကြောင်း ပြသတဲ့အနေနဲ့ မေ ၁၇ ရက် မနက်ပိုင်း အင်္ကျီအနီ ဆင်တူဝင်ဆင်ပြီး ရဲရဲတောက်စာတမ်းသပိတ်ကို ပြုလုပ်ခဲ့ပါတယ်။

စာတမ်းသပိတ်ကြွေးကြော်ရာမှာ "မင်းတပ်အတွက်သွေးမအေးဘူး"၊ တူမီးပဲရှိတဲ့ မြို့လေးကို လေယာဉ်နဲ့ပစ်တဲ့ခွေးတပ်မရှက်ဘူးလား"၊ မင်းတပ်မြို့နဲ့အတူမိုးကောင်း မြို့ရပ်တည်နေမယ်"၊ မင်းတပ်မြို့လေးပြည်သူ့မေတ္တာလွှမ်းခြုံ၍ဘေးကင်းကြပါစေ"၊ "ဘယ်မြို့ထိထိ ငါတို့ ရင်ဘတ်ထဲလာမှန်တယ်"၊ အရေးတော်ပုံအောင်ပြီ" အစရှိတဲ့ စာတမ်းတွေကို ကိုင်ဆောင်ပြီး ရဲရဲတောက်နေတဲ့အနီရောင်ဝတ်စုံကို ဆင်တူဝတ်ဆင်ကာ မြို့တွင်း လှည့်လည်ဆန္ဒပြခဲ့ကြပါတယ်။

မိုးကောင်းမြို့ ပြည်သူတွေဟာ နေစဉ်မပျက် အရုဏ်ဦးသပိတ်၊ ဆိုင်ကယ်သပိတ်၊ ညသပိတ် စတဲ့သပိတ်တွေနဲ့ စစ်အာဏာရှင်ချုပ်ငြိမ်းရေး နေ့စဉ်ဆန္ဒပြနေကြတာပါ။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024