ပေါင်မြို့နယ် ပင်မသပိတ် စစ်ကြောင်း ဆက်လက် ဆန္ဒပြ
DVB
·
May 16, 2021
မွန်ပြည်နယ်၊ပေါင်မြို့နယ် ပင်မသပိတ်စစ်ကြောင်းဟာ မေလ ၁၆ ရက်နေ့မှာလည်း စစ် အကြမ်းဖက် စစ်ကောင်စီကို ချီတက် လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။
ပေါင်ပင်မသပိတ် စစ်ကြောင်းဟာ ဒီကနေ့မှာတော့ ၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်သူတွေ ပေးထားတဲ့ ဆန္ဒမဲတွေကို လေးစားပေးဖို့နဲ့ CDM လုပ်ဆောင်ထားတဲ့ ဝန်ထမ်းအားလုံးကို ဂုဏ်ပြုကြောင်း ကြွေးကြော် ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။
ပေါင်မြို့နယ်က ပြည်သူတွေဟာ အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီကို နေ့စဉ် ရက်ဆက် ဆန္ဒထုတ်ဖော်နေပါတယ်။