Home
မြန်မာသတင်း
ထိုင်းဝန်ကြီးချုပ်က ကုလအထူးကိုယ်စားလှယ်နှင့် မြန်မာအရေးဆွေးနွေး ပန်းလက်ဆောင်ပေး
DVB
·
May 14, 2021

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့  မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ခရစ္စတင်းရှရာနာဘာဂီနာကို  ထိုင်းဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရယုဒ်ကျန်အိုးချား ကလက်ခံတွေ့ဆုံ မြန်မာ့အရေးဆွေးနွေးပြီးနောက် ပန်းတစ်ပွင့်လက်ဆောင်ပေး လိုက်ပါတယ်။

ထိုင်းနိုင်ငံဘန်ကောက်မြို့က ထိုင်းအစိုးရအိမ်တော်မှာ တွေ့ဆုံဆွေးနွေးပြီးနောက် ရုံးမှာစိုက်ထားတဲ့ ဇီဇဝါပန်းပင်ကနေ အဖြူရောင်ပန်းတစ်ပွင့် လက်ဆောင် ပေးလိုက်တာလို့ ထိုင်းသတင်းတွေမှာ ရေးပါတယ်။

တွေ့ဆုံရာမှာ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးတည်ဆောက်ဖို့ကိစ္စတွေနဲ့ ပြီးခဲ့တဲ့လက အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပတဲ့ အာဆီယံ ခေါင်းဆောင်များအစည်းဝေးမှာ ရရှိခဲ့တဲ့  ဘုံသဘောတူညီချက် ၅ ချက်နဲ့ ပတ်သက်ပြီး ဆောင်ရွက်ဖို့ကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့  .llpch.news  ထိုင်းသတင်းမှာရေးပါတယ်။

ဒါ့အပြင် ထိုင်းနိုင်ငံအနေနဲ့ စစ်ဘေးရှောင်လာတဲ့ မြန်မာနိုင်ငံသားတွေကို ကူအညီပေးဖို့ အသင့်ရှိတဲ့အကြောင်းနဲ့ အန္တရာယ်နဲ့တွေ့ကြုံရအောင် ပြန်တွန်းပို့မှာမဟုတ်ဘူးလို့ ထိုင်းဝန်ကြီးချုပ်က ကတိပြုပြောကြားခဲ့တယ်လို့လည်းသိရပါတယ်။ 

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ခရစ္စတင်းရှရာနာဘာဂီနာကို မြန်မာ အာဏာသိမ်းစစ်ကောင်စီက ပြည်ဝင်ခွင့်မပေးတဲ့အတွက် အိမ်နီးချင်းနိုင်ငံတွေကို သွားရောက်ပြီး သံတမန်နည်းလမ်းနဲ့ မြန်မာ့အရေး ဆွေးနွေးမှုတွေ လုပ်ဆောင်နေတာဖြစ်ပါတယ်။

Photo Credit-Aey Sahattaya &llpch

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024