ဒဂုံတက္ကသိုလ်တွင် ပေါက်ကွဲမှုဖြစ်
DVB
·
May 14, 2021
ဒဂုံတက္ကသိုလ်နားနေ ဆောင် - ၂ အနီးမှာ ဒီနေ့မနက်ပိုင်းက ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း ဒဂုံတက္ကသိုလ်ကျောင်းများသမဂ္ဂဆီက သိရပါတယ်။
ပေါက်ကွဲမှုကြောင့် ဘယ်သူကိုမှ ကျောင်းပြင်ပကို ထွက်ခွင့်မပြုဘဲ ကျောင်းဝင်းတံခါး ပိတ်ထားတယ်လို ဆိုပါတယ်။
ဒီနေ့ ဒဂုံတက္ကသိုလ်မှာ ကျောင်းတက်နေတဲ့ ကျောင်းသားတချို့လည်းရှိနေပြီး ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရမှု ရှိ၊မရှိကို အတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။