မိုးကုတ်မြို့ စည်ပင်ရုံးအနီး ပေါက်ကွဲမှုဖြစ်
DVB
·
May 13, 2021
မန္တလေးတိုင်း မိုးကုတ်မြို့မှာ မေလ ၁၃ ရက် ည ၇ နာရီဝန်းကျင်လောက်က စည်ပင်ရုံး အနီးပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။
လက်လုပ်ဗုံးပေါက်ကွဲတာဖြစ်နိုင်တယ်လို့ယူဆကြပြီး ထွက်ကြည့်တဲ့အချိန်မှာတော့ အငွေ့တွေပဲတွေ့တယ်လို့ အနီးအနားနေ ဒေသခံပြည်သူတွေက ပြောပါတယ်။
စည်ပင်ရုံးနဲ့ စည်ပင်ကားတွေထားရာ နေရာမှာ ပေါက်ကွဲသံကြားခဲ့ရတာဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူတော့ မရှိသေးဘူးလို့ သိရပါတယ်။