
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မယ်သဲကြိုးကျေးရွာအနီးမှာ မေလ ၁၃ ရက် ဒီနေ့ မနက်အစောပိုင်းကနေ စတင်ကာ ချောင်းဦး GZ လူငယ်တွေနဲ့ စစ်ကောင်စီအကြမ်းဖက်တပ်တွေ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါတယ်။
သူလျှိုဒလန်သတင်းပေးတွေကြောင့် GZ တွေပုန်းခိုရာနေရာကို စစ်ကောင်စီအကြမ်းဖက်တပ်တွေ လာရောက်ဝိုင်းတာကနေ ပစ်ခတ်မှုဖြစ်ပွားခဲ့တာပါ။
လတ်တလော ရရှိထားတဲ့ သတင်းတွေအရ စစ်ကောင်စီအကြမ်းဖက်တပ်က ၅ ယောက်ထက်မနည်းကျဆုံးပြီး GZ တယောက်အဖမ်းခံရတယ်လို့ ကနဦးသတင်းတွေအရ သိရပါတယ်။
ချောင်းဦး သပိတ်ခေါင်းဆောင်တစ်ဦးက “ အကြမ်းဖက်စစ်တပ်က ချောင်းဦး သပိတ်ခေါင်းဆောင်တွေ နေတဲ့နေရာကို ဝင်ရောက်ရှာဖွေရာကနေ ဝင်ရောက်စီးနင်းချိန်မှာ နှစ်ဖက်ပစ်ခတ်မှုတွေ ဖြစ်လာတယ် ။ အကြမ်းဖက်တပ်သား ၅ ဦးသေဆုံးတယ်” လို့ ပြောပါတယ်။
ချောင်းဦး GZ တွေရဲ့ လူမှုကွန်ရက်စာမျက်နှာမှာတော့ နှစ်ဦးပျောက်ဆုံးနေကြောင်း ဖော်ပြထားပြီး သူတို့ရဲ့ လက်နက်တချို့ကို သိမ်းဆည်းကာ မီးရှို့ဖျက်ဆီးသွားကြောင်းလည်း သိရပါတယ်။