Home
မြန်မာသတင်း
ကနီမြို့နယ် သမင်ခြံရွာတွင် စိတ်ဝေဒနာရှင် ၁ ဦးကို စစ်တပ်က ပစ်သတ်
DVB
·
May 12, 2021
182683857_462305434845653_2383111481132676369_n

စစ်ကိုင်းတိုင်း ကနီမြို့နယ် သမင်ခြံရွာမှာ   မေလ ၁၁ ရက် ညက အကြမ်းဖက် စစ်တပ်က  သေနတ်နဲ့ ပစ်သတ်ခဲ့တာကြောင့် စိတ်ဝေဒနာရှင် ရွာသားတစ်ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သေဆုံးသွားသူဟာ စိတ်ဝေဒနာ ခံစားနေရတဲ့ အသက် ၃၅ နှစ်အရွယ် ကိုကျော်မြင့်ဖြစ်တယ်လို့ ရွာသားတွေ ထံကနေ သိရပါတယ်။

သေဆုံးသူရဲ့ ဆွေမျိုးတော်စပ်သူ တစ်ဦးက “ ကျနော်တို့ ကျေးရွာ  အထက်တန်းကျောင်းထဲ စစ်တပ်က တပ်စွဲထားတာဗျ။ ဖြစ်တာက မနေ့ညကပါ။ တပ်စွဲတာကို ပြန်ကြတော့လို့ အော်ပြော လို့သေနတ်နဲ့ ပစ်တာ။ စိတ်ဝေဒနာသည်ဆိုတော့ ပြောချင်တာပြောတာပေါဗျာ။ ပစ်တာကတော့ အတော်များတယ်ဗျ။ ထိမှန်တာက ပေါင်တစ်ချက်၊ ခါးတစ်ချက်နဲ့ ဦးခေါင်းတစ်ချက်မှန်တယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ကနီမြို့နယ်အတွင်း အာဏာသိမ်းစစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေအကြား ပြီးခဲ့တဲ့ရက်တွေက တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့ကာ နှစ်ဖက်အကျဆုံးတွေရှိနေပါတယ်။ 

လက်ရှိအချိန်မှာလည်း ဇီးပင်တွင်းရွာနဲ့ ၂၇ မိုင် ယာကြီး၊ ကလေးဝလမ်းတွေဘက်မှာလည်း တိုက်ပွဲဖြစ်ပွားနေတယ်လို့ ဒေသခံရွာသားတွေရဲ့ ပြောပြချက်အရ သိရပါတ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024