Home
မြန်မာသတင်း
မြောင်းမြမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် ဖွဲ့စည်း
DVB
·
May 12, 2021

ဧရာဝတီတိုင်း၊ မြောင်းမြမြို့မှာ အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုရဲ့ မတရားလုပ်ရပ်တွေကို ကာကွယ်ဖို့  မြောင်းမြမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကို မေလ ၁၂ ရက်က စတင် ဖွဲ့စည်းလိုက်ပါတယ်။

မြောင်းမြမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက “စစ်အုပ်စုက မြောင်းမြကို သူတို့နိုင်ပြီလို့ ပြောကြတယ်။ ကျနော်တို့မြို့ဟာ သမိုင်းကောင်းခဲ့တဲ့မြို့ပါ၊ ကျနော်တို့က PDFနဲ့ ပူးပေါင်းပြီး NUGရဲ့ ညွှန်ကြားမှုအတိုင်း ရှေ့ဆက်သွားမှာ ဖြစ်ပါတယ်။ လောက်ကောင်တွေနဲ့ ဒလန်တွေကို အရင်ဆုံးရှင်းလင်းသွားမှာပဲ ဖြစ်ပါတယ်”လို့  ပြောပါတယ်။

မြောင်းမြမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့  လုပ်ဆောင်မှုတွေကို Facebook Page ကနေ အမြဲ ထုတ်ပြန်ပေးသွားမယ်လို့လည်း  မြောင်းမြမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

မြောင်းမြမြို့မှာ မေလ ၁၁ ရက်နေ့ညပိုင်းက အမှတ် ၄ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတော့ မရှိခဲ့ပါဘူး။

ဧရာဝတီတိုင်းဒေသကြီးမှာ  ပြည်သူတွေဟာ ဧရာဝတီဖက်ဒရယ်တပ်ဖွဲ့ကိုလည်း ဧပြီ ၁၅ ရက်‌နေ့ကတည်းက ဖွဲ့စည်းထားပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024