Home
မြန်မာသတင်း
ယင်းမာပင်နှင့် ဆားလင်းကြီးဒေသက ပြည်သူတို့၏ စစ်အာဏာရှင်ဆန့်ကျင်လှုပ်ရှားမှု
DVB
·
May 11, 2021
185201650_2740721129483779_748314268501554204_n
185183553_2740720939483798_6824880546371049676_n
185399211_2740721672817058_5241852255498760341_n
184891682_2740721316150427_8333019938833999210_n
184878732_2740722556150303_5285304010896358000_n
184897648_2740720806150478_2826271149846184589_n
184562952_2740721032817122_8011819125615018891_n
184522483_2740722209483671_3211783869383185195_n

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်နဲ့ ဆားလင်းကြီးမြို့နယ်တို့ပူး​ပေါင်းပြီး ​မေလ ၁၁ ရက်​နေ့ကပြုလုပ်တဲ့ စစ်အာဏာရှင်အပြီးတိုင်ချုပ်ငြိမ်း​ရေးဆန္ဒပြပွဲမှာ ​​ကျောင်းသားနဲ့ ပြည်သူ​ ​ထောင်ချီပြီး ပူးပေါင်းပါဝင် ဆန္ဒ​ဖော်ထုတ်ခဲ့ကြပါတယ်။

ဆန္ဒပြရာမှာပါဝင်တဲ့ ​ကျောင်းသူ​လေးတစ်ဦးက​ "သူတို့ ခြိမ်းခြောက်တိုင်း ​ကြောက်စရာမလိုဘူး၊ သူတို့မှာ လက်နက်ရှိတယ်။ ကျမတို့ပြည်သူ​တွေမှာ သတ္တိရှိတယ်။ ကျမတို့​မျှော်လင့်​နေတဲ့ ဖက်ဒရယ်ဒီမိုက​ရေစီပြည်​ထောင်စုကြီး မကြာခင်ရရှိ​တော့မှာဖြစ်လို့ ​ကြောက်စိတ်ကို​ဘေးဖယ်ပြီး ​ကျမတို့ပြည်သူ​တွေ ​ခေါင်းကို ရဲရဲ​မော့ထားကြပါ။ ကျမတို့အနာဂတ် ကျမတို့ပိုင်တယ်"လို့ ပြောပါတယ်။

နှစ်မြို့နယ်ပူး​ပေါင်းသပိတ်ဟာ စစ်အာဏာရှင်ကို ​တော်လှန်လာခဲ့တာ ရက်​ပေါင်း ၆၂ ရက်​​မြောက်​နေ့ဖြစ်ပြီး အကြမ်းဖက်စစ်​ကောင်စီရဲ့လက်ချက်နဲ့ ပြည်သူတစ်ဦးကျဆုံးခဲ့ရ​ပေမယ့် နေ့စဉ် ပုံစံမျိုးစုံဆန္ဒ​ဖော်ထုတ်​နေတဲ့ သပိတ်တပ်​ပေါင်းစုလည်းဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024