မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး မေလ ၁၀ ရက် ညသန်းခေါင်ကျော် ၁၂နာရီခွဲလောက်က မီးလောင်သွားခဲ့ပါတယ်။
"ပထမဆုံးပေါက်ကွဲသံတွေ နှစ်ခါကြားရပြီး မီးခိုးတွေအူထွက်လာတယ်။ ပြီးတော့ မီးသတ်ကားတွေလာတယ်။ မနက်ကျတော့ ပြာကျသွားတယ်''လို့ ရပ်ကွက်နေပြည်သူတစ်ဦးက ပြောပါတယ်။
မီးလောင်မှုကြောင့် သွပ်မိုး၊ နံကပ်၊ ကွန်ကရစ်ခင်း တစ်ထပ် မီးလောင်ကျွမ်းခဲ့ပြီး စုစုပေါင်း ဆုံးရှုံးမှုတန်ဖိုး ကျပ် ၈ သိန်းဖိုးလောက် မီးလောင်ဆုံးရှုံးခဲ့ပါတယ်။ ဒီမီးလောင်မှုမှာ ထိခိုက်ဒဏ်ရာ ရရှိသူ မရှိသလို သေဆုံးသူလည်း မရှိခဲ့ပါဘူး။
ညမထွက်ရအမိန့်ထုတ်ထားချိန်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အခုလိုမီးလောင်သွားတာနဲ့ပတ်သက်ပြီး ရပ်ကွက်နေပြည်သူတွေနဲ့မသက်ဆိုင်ကြောင်း ဒေသခံတွေက ပြောပါတယ်။