မိုးကုတ် ကင်းရွာက CDM ဆရာမအပါအဝင် ပြည်သူ ၁၀ ဦးဖမ်းဆီးခံရ
DVB
·
May 10, 2021
မန္တလေးတိုင်း မိုးကုတ်မြို့ ကင်းရွာမှာ မေလ ၁၀ ရက် နေ့ခင်းပိုင်းက အကြမ်းဖက်စစ်အုပ်စုက ရွာထဲကိုဝင်လာပြီး CDM ဆရာမအပါအဝင် ပြည်သူ ၁၀ ဦးကို နေအိမ်မှာလာရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကင်းရွာဟာ မိုးကုတ်မြို့နဲ့ မိုင် ၃၀ နီးပါး ဝေးကွာတဲ့ကျေးရွာတစ်ရွာဖြစ်ပြီး စစ်အာဏာရှင်စနစ် ကျဆုံးရေးအတွက် သပိတ်စစ်ကြောင်းတွေထွက်နေတဲ့ ကျေးရွာဖြစ်ပါတယ်။
အကြမ်းဖက်စစ်အုပ်စုက ရွာထဲကိုအင်အားအလုံးအရင်းနဲ့ဝင်လာပြီး နေအိမ်တွေထဲထိ ဝင်ရောက်ဖမ်းဆီးသွားတာဖြစ်ပြီး ဘာကြောင့်ဖမ်းဆီးသွားတယ်ဆိုတာကိုမသိရသေးပါဘူး။