စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုကြောင့် ဖေဖော်ဝါရီလကတည်းက အဖမ်းခံလိုက်ရတဲ့ ပခုက္ကူနည်းပညာတက္ကသိုလ် BE Civil နောက်ဆုံးနှစ်ကျောင်းသား ကိုသာထက်အောင်နဲ့ ပခုက္ကူတက္ကသိုလ် အရှေ့တိုင်းပညာ ဒုတိယနှစ်ကျောင်းသား ကိုဝေဖြိုးဟိန်းတို့ကို မေလ ၁၀ ရက်နေ့မှာ ထောင်ဒဏ် ၃ နှစ်နဲ့ ၃လစီချမှတ်လိုက်ပါတယ်။
အဆိုပါ ကျောင်းသား၂ ယောက်ဟာ ပခုက္ကူမှာ စစ်အာဏာရှင်ကို ပထမဆုံး ဆန္ဒပြထွက်ခဲ့တဲ့ ဖေဖော်ဝါရီ ၆ရက်နေ့မှာ အဖမ်းခံလိုက်ရပြီး ပခုက္ကူထောင်မှာ နေခဲ့ကြရတာပါ။ သူတို့ကို ပုဒ်မ ၁၉ ၊ ပုဒ်မ ၂၅နဲ့ တရားစွဲဆိုခံထားရပြီး ဒီကနေ့မှာ ထောင်ဒဏ်ချမှတ်ခံလိုက်ရတာဖြစ်ပါတယ်။
ပခုက္ကူတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဗကသကျောင်းသား တစ်ဦးက" ကျောင်းသားတွေ ငြိမ်းငြိမ်းချမ်းချမ်းဆန္ဒပြတဲ့အချိန်တုန်းကတောင် မတရားပုဒ်မတွေတပ်ပြီး ထောင်ဒဏ်တွေ အကြာကြီး ချမှတ်ပစ်လိုက်တာကို ကျနော်တို့တွေ ဘယ်သူမှ မခံနိုင်ဘူး။ ကျန်ခဲ့တဲ့လူတွေက စစ်အာဏာရှင်ကို ဆက်ပြီး တော်လှန်နေမယ် တိုက်ခိုက်သွားမယ်'' လို့ ပြောပါတယ်။
ကိုသာထက်အောင်ဟာ ပခုက္ကူနည်းပညာတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဗကသများအဖွဲ့ချုပ်ဥက္ကဋ္ဌဟောင်း ဖြစ်ပြီး ကိုဝေဖြိုးဟိန်းကလည်း ပခုက္ကူတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဗကသများအဖွဲ့ချုပ် တွဲဖက်အတွင်းရေးမှူးဖြစ်ပါတယ်။