ပေါင်မြို့နယ်က စစ်အာဏာရှင် တော်လှန်ရေးဆိုင်ကယ်သပိတ်
DVB
·
May 9, 2021
မွန်ပြည်နယ် ပေါင်မြို့နယ် တောင်ရှေ့ပိုင်းက ပြည်သူတွေဟာ မေ ၉ ရက် မနက်ပိုင်းမှာ အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီကို ဆိုင်ကယ်သပိတ်လုပ်ပြီး ဆန္ဒပြခဲ့ကြပါတယ်။
ပေါင်မြို့နယ် တောင်ရှေ့ပိုင်းမှာတော့ ကရင်တိုင်းရင်းသား အများစု နေထိုင်ကြတာဖြစ်ပြီး အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီကို သပိတ်မျိုးစုံလုပ်ပြီး နေ့စဉ်ရက်ဆက် တော်လှန်နေ ကြပါတယ်။