စစ်ကိုင်တိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ပိတောက်ပင်ကျေးရွာမှာ မေလ ၇ ရက်နေ့က စစ်ကောင်စီတပ်တွေ ဝင်ရောက်လာခဲ့လို့ ရွာသူရွာသားအချို့ ထွက်ပြေးတိမ်းရှောင်နေရသလို အိမ်မှာ ကျန်ရစ်တဲ့ ရွှေငွေနဲ့ လက်ကိုင်ဖုန်းတွေလည်း ယူသွားကြတယ်လို့ ရွာသားတစ်ဦးက ပြောပါတယ်။
စစ်တပ်က ဝင်ရောက်လာတာကြောင့် ဆန္ဒပြ သပိတ်ခေါင်းဆောင်တွေနဲ့ ရွာသားအချို့ ထွက်ပြေးတိမ်းရှောင်ကြတာဖြစ်ပြီး ဖမ်းဆီးခံရတာတော့ မရှိဘူးလို့ ဆိုပါတယ်။
စစ်ကောင်စီတပ်တွေဟာ ပိတောက်ပင်ကျေးရွာကို မေလ ၅ ရက်နေ့ကလည်း တစ်ကြိမ်ဝင်ရောက်ပြီး ထွက်ပြေးလို့လူမရှိတဲ့ အိမ်တွေထဲ ဝင်ရောက်မွှေနှောက်ရှာဖွေကာ ရွှေငွေ နဲ့ လက်ကိုင်ဖုန်းတွေ ယူသွားကြသလို ၇ ရက်နေ့ကလည်း ထပ်လာခဲ့ပြီး ရွှေငွေဖုန်းစားစရာကစပြီး ယူသွားကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လတ်တလော ရွာသူရွာသား ၈၀ ကျော်ဟာ တောထဲမှာ ရှောင်တိမ်းနေကြရပြီး စားဝတ်နေရေးအတွက် မျှတဖြေရှင်းနေကြရတယ်လို့ သိရပါတယ်။