ရန်ကုန်တက္ကသိုလ် ဆရာ၊ ဆရာမ ၃၃၉ ဦးကို အကြမ်းဖက်စစ်အုပ်စုက အလုပ်ကနေ ထုတ်ပယ်လိုက်ပါတယ်။
အဆိုပါ တက္ကသိုလ်ဆရာ ဆရာမတွေဟာ တာဝန်ချိန်ပျက်ကွက်မှုကြောင့် အလုပ်မှ ယာယီရပ်ဆိုင်းလိုက်တယ်လို့ အကြမ်းဖက်စစ်ကောင်စီ ခန့်အပ်ထားတဲ့ တရားမဝင်ရန်ကုန်တက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာသန်းဇော်ဦးက မေလ ၆ ရက်နေ့က အမိန့်စာထုတ်ပြန်လိုက်တာဖြစ်ပါတယ်။
တာဝန်ကနေ ရပ်ဆိုင်းခံရသူတွေအထဲမှာ ပါမောက္ခတွေ၊ တွဲဖက်ပါမောက္ခတွေ၊ ကထိကတွေ ၊ လက်ထောက် ကထိကတွေ၊ နည်းပြတွေပါဝင်ပါတယ်။
ရန်ကုန်တက္ကသိုလ်ဟာ စစ်အာဏာရှင်ကို အကြမ်းမဖက်အာဏာဖီဆန်တဲ့ CDM လှုပ်ရှားမှုမှာ ရာနှုန်းပြည့် ပါဝင်နေတဲ့ တက္ကသိုလ်တစ်ခုဖြစ်ပါတယ်။