ရန်ကုန် မင်္ဂလာဒုံမြို့နယ်ရှိ တက်ကြွလူငယ်တွေက အာဏာရှင်ဆန့်ကျင်ရေး လုပ်ငန်းတွေအပါအဝင် တခြားဆက်စပ်လုပ်ငန်းတွေ လုပ်ဆောင်ဖို့အတွက် ဒီနေ့ မေလ ၆ ရက်မှာ မင်္ဂလာဒုံအမျိုးသားအစည်းအရုံး (Mingaladon National Union-MNU) ကို စတင်ဖွဲ့ စည်းလိုက်သည်။
ဒီအဖွဲ့အစည်းအနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ လမ်းစဉ်တွေအတိုင်း တသွေမတိမ်းလိုက်နာဆောင်ရွက်သွားမယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
မင်္ဂလာဒုံမြို့နယ်ဟာ ရန်ကုန်တိုင်းအတွင်း အကြမ်းဖက်စစ်ကောင်စီရဲ့ တပ်ရင်းတွေ ပတ်လည်ဝန်းရံထားတဲ့ မြို့နယ်တစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့ မင်္ဂလာဒုံမြို့နယ်က လူငယ်တွေကတော့ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေကို ပုံစံမျိုးစုံနဲ့ ပြုလုပ်နေကြတာဖြစ်ပါတယ်။