စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ် ကာပေါင်းကျကျေးရွာမှာ အမျိုးသား ၁ ဦး ဒီကနေ့ မွန်းလွဲ ၂ နာရီခွဲလောက် အသတ်ခံရတယ်လို့ ရွာခံတွေထံကသိရပါတယ်။
သေဆုံးသူဟာ အသက် ၃၇ နှစ်အရွယ် ကိုကျော်မျိုးသက်ဖြစ်ပြီး စစ်ကောင်စီရဲ့ သတင်းပေးဖြစ်တယ်လို့ ရွာသားတွေက ပြောပါတယ်။
အခင်းဖြစ်ပြီးနောက် စစ်ကောင်စီလက်နက်ကိုင်တပ်တွေရဲ့ ကားတွေ ရွာထဲထိရောက်လာပြီး သေနတ်နဲ့ ပစ်ဖောက်နေလို့ ရွာသူ/ရွာသား အများအပြား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေကြပါတယ်။
တန့်ဆည်မြို့နယ် ပညာရေးမှူးရုံးမှာလည်း ဒီနေ့ ညနေ ၃ နာရီခွဲလောက်မှာ ဗုံးပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတော့ မရှိဘူးလို့ ကနဦး သတင်းအရသိရပါတယ်။