ပစ်ခတ် ဖမ်းဆီးခံခဲ့ရတဲ့ တနင်္သာရီတိုင်း၊ ထားဝယ်အခြေစိုက် Dakkhina Insight သတင်းဌာနရဲ့ သတင်းထောက် ကိုနိုင်လင်းထွန်းကို အကြမ်းဖက်စစ်အုပ်စုက ပုဒ်မ ၃ ခုနဲ့ အမှုဖွင့် အရေးယူထားတယ်လို့ အဆိုပါ သတင်းဌာန တာ၀န်ခံ အယ်ဒီတာ ကိုရဲထွဋ်ဝင်းက DVB ကို ပြောပါတယ်။
သတင်းထောက် ကိုနိုင်လင်းထွန်းကို အကြမ်းဖက် စစ်ကောင်စီက ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၄၅ ၊ ၅၀၅ (က)(ဂ) တို့နဲ့ အမှုဖွင့်ထားတာ ဖြစ်ပြီး မေလ ၆ ရက်နေ့မှာ ရုံးထုတ် စစ်ဆေးသွားဖို့ ရှိနေပါတယ်။
သတင်းထောက် ကိုနိုင်လင်းထွန်းဟာ ဧပြီ ၂၁ ရက်နေ့က ထားဝယ်မြို့မှာ စစ်အာဏာရှင် ဆန္ဒပြပွဲသတင်းရယူနေစဉ် အကြမ်းဖက်စစ်တပ်က သေနတ်နဲ့ ပစ်ခတ် ဖမ်းဆီးသွားတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာတော့ စစ်တပ်က တရားမဝင်အာဏာသိမ်းပြီးနောက် သတင်းသမား ၇၀ ကျော် ဖမ်းဆီးခံထားရသလို သတင်းဌာန ၈ ခုမှာလည်း လုပ်ကိုင်ခွင့် ပိတ်သိမ်းခံထားရပါတယ်။