ခင်ဦးမြို့နယ် ဝန်းကြီးကျေးရွာအုပ်ချုပ်ရေးမှူး၏ ခေါင်းပြတ်နေသည့် အလောင်းတွေ့ရှိ
DVB
·
May 4, 2021
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် ၊ ဝန်းကြီးကျေးရွာနေ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးညိုပုရဲ့ ခေါင်းပြတ်နေတဲ့ အလောင်းကို မေလ ၄ ရက်နေ့မှာ ကျီးကန်ကျေးရွာ အနောက်ဘက် သုသာန်တောင်ဘက် လမ်းဘေးတစ်နေရာမှာ တွေ့ရှိခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အလောင်းတွေ့တဲ့နေရာကို ခင်ဦးမြို့က စစ်သားနဲ့ရဲတွေက ညနေ ၄ နာရီအချိန်မှာ သွားရောက်မှာ စစ်ဆေးသယ်ဆောင်ဖို့ ထွက်သွားကြပြီလို့ မျက်မြင်တွေက ပြောပါတယ်။
ရွာသားတွေအနေနဲ့ အခုလိုဖြစ်တာဟာ သူတို့ရွာသားတွေနဲ့မသက်ဆိုင်ဘူးလို့ ပြောပါတယ်။