မန္တးလေးတိုင်းဒေသကြီး မိုးကုတ်မြို့မှာ ဖမ်းဆီးထားတဲ့ ဆန္ဒပြပြည်သူနဲ့ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအသင်း(မိုးကုတ်) က အဖွဲ့ဝင် စုစုပေါင်း ၄၀ ကျော်ကို ညပိုင်းမှာ အကြမ်းဖက်စစ်အုပ်စုက မေ ၂ ရက်မှာ ပြန်လွှတ်ပေးလိုက်တယ်လို့ ဒေသခံဆီက သိရပါတယ်။
ဖမ်းဆီးခံရတဲ့ ပြည်သူတွေရဲ့ မိသားစုဝင်တွေကို ထမင်းထုတ်ယူပြီး ပြန်လာထုတ်ဖို့ ဖုန်းဆက်တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအသင်း (မိုးကုတ်) မြို့က အဖွဲ့ဝင် ၁၅ ဦး ပြန်လွတ်လာပေမယ့် ဥက္ကဋ္ဌဦးအောင်ကျော်မိုးကတော့ လွတ်လာခြင်းမရှိသေးဘူးလို့ သိရပါတယ်။
အကြမ်းဖက်စစ်အုပ်စုက မေ ၂ ရက်နေ့မှာ သပိတ်စစ်ကြောင်းတွေကို လိုက်လံပိတ်ပင်တားဆီးပြီး ဆန္ဒပြပြည်သူတွေကို ဖမ်းဆီးသွားခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအသင်းကားနဲ့ အဖွဲ့ဝင်တွေကိုတော့ မနက်ပိုင်းမှာ ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ပါတယ်။