ကျိုက်မရောတွင် အကြမ်းဖက်စစ်ကောင်စီကို ဆန္ဒပြ
DVB
·
May 2, 2021
မွန်ပြည်နယ် ကျိုက်မရောမြို့မှာ လူငယ်တွေ စုပေါင်းပြီး မေ ၂ ရက်က စစ်အာဏာရှင် တော်လှန်ရေး ပြောက်ကျားသပိတ် ပြုလုပ်ခဲ့ကြပါတယ်။
ဆန္ဒထုတ်ဖော်ခဲ့တဲ့ ပြည်သူတွေက ဖမ်းဆီးထားတဲ့ သူတွေကို ပြန်လွှတ်ပေးဖို့နဲ့ ဝန်ထမ်းတွေ အားလုံး CDM လုပ်ပေးကြဖို့ တောင်းဆိုခဲ့ပါတယ်။ ဒီကနေ့ မေ ၂ ရက်ဟာ အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီကို ဆန့်ကျင်တော်လှန်တဲ့ ကမ္ဘာလုံးဆိုင်ရာ နွေဦးတော်လှန်ရေးနေ့လည်း ဖြစ်ပါတယ်။