မန္တလေးတွင် အကြမ်းဖက်အဖွဲ့က အရပ်ဝတ်ဖြင့် ပြည်သူများကို ဖမ်းဆီး
DVB
·
May 2, 2021
မန္တလေးမြို့မှာ အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်လက်နက်ကိုင်အဖွဲ့တွေဟာ နေရာအနှံ့မှာ ရှိနေတဲ့အပြင် အရပ်ဝတ်တွေနဲ့ အများပြည်သူကို ဝင်ရောက်ဖမ်းဆီးတာတွေ လုပ်နေကြပါတယ်။
ချမ်းမြသာစည်မြို့နယ် ၆၉ လမ်းနဲ့ စိန်ပန်းလမ်းကြားမှာ မေ ၂ ရက် မနက်ပိုင်းက လက်ဖက်ရည်ဆိုင်တစ်ခုကို အရပ်ဝတ်နဲ့ သေနတ်ကိုင်တဲ့လူတွေက ပြည်သူတွေကို ဝင်ရောက်ဖမ်း ဆီးခဲ့ကြပါတယ်။
ဒါ့အပြင် အိမ်စီးကားတွေ၊ နာမှုကူညီရေး အသင်းကားတွေ သုံးပြီးလည်း ပြည်သူတွေကို ဖမ်းဆီးနေကြကာ ကားနဲ့တိုက် ဖမ်းဆီးတာတွေလည်း ရှိပါတယ်။