မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်ထဲက ကျူးကျော်ရပ်ကွက်မှာ နေထိုင်တဲ့ စားဝတ်နေရေး အခက်အခဲရှိနေသူတွေကို မန္တလေးမြို့ လေးပြင်လေးရပ်က ဆရာတော် သံဃာတော်တွေ စုပေါင်းပြီး မေလ ၁ ရက်နေ့က အစားအသောက်တွေ ဝေငှခဲ့ကြပါတယ်။
အရင်က COVID-19 ကပ်ရောဂါကြောင့် လုပ်ငန်းတွေ အဆင်မပြေတဲ့အပြင် အခုချိန် စစ်အာဏာရှင်လက်အောက်မှာလည်း လုပ်ငန်းတွေ မလုပ်ရတာကြောင့် စားဝတ်နေရေး ခက်ခဲသူတွေ ရှိကြပါတယ်။
ဒါ့ကြောင့် မန္တလေးမြို့ လေးပြင်လေးရပ်က ဆရာတော် သံဃာတော်တွေ စုပေါင်းပြီး အစားအသောက် ဝေတာတွေ လုပ်တဲ့အပြင် ဘာသာပေါင်းစုံ ပူးပေါင်းပြီးတော့လည်း လှူဒါန်းတာတွေ လုပ်ကြပါတယ်။