မွန်ပြည်နယ် ရေးမြို့ အခြေခံစားသောက်ကုန်တွေထဲက စားသုံးဆီဈေးတွေ မြင့်တက်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စားသုံးဆီတွေထဲမှ ထိုင်းနိုင်ငံထုတ် ဆီသန့် ၁ ပါကင်မှာ အရင်ဈေးတွေထက် ၂၀၀၀ ကျော်လောက် မြင့်တက်သွားခဲ့ရသလို ပြည်တွင်းထုတ် စားသုံးဆီမှာလည်း ၁ ပါကင်ကို ၄၀၀၀ ကျော်လောက် အခုရက်ပိုင်းမှ စတင်ပြီး ဈေးတွေ မြင့်တက်သွားတာကြောင့် ဈေးကြီး ပေးဝယ်နေရတယ်လို့ အိမ်ရှင်မတွေက ပြောပါတယ်။
အခြေခံစားသောက်ကုန်တွေထဲမှ စားသုံးဆီတွေ ဈေးမြင့်တက်လာနေခဲ့သလို တခြား စားသောက်ကုန်ဖြစ်တဲ့ ဆန်နဲ့ ကြက်သွန်နီတွေပါ ဈေးအနည်းငယ်ဆီ မြင့်တက်နေပါတယ်။
စစ်အာဏာသိမ်းပြီးတဲ့နောက် ရေးမြို့နယ်မှာ ကုန်စည်စီးဆင်းမှုက ထက်ဝက်နီးပါး ကျဆင်းသွားခဲ့ကြပြီး အရောင်းအဝယ်တွေပါ အေးနေတယ်လို့ ဆိုပါတယ်။