ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်၊ ဂွေးချောင်းရွာ အနီးက ခလရ ၃၅ တပ်ရင်း လက်နက်ရုံမှာ ဧပြီလ ၂၉ ရက်နေ့လယ်ပိုင်းက ပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ဒီဗွီဘီကို ပြောပါတယ်။
တပ်မ (၆၆) ရဲ့ လက်အောက်ခံတပ်ရင်းဖြစ်တဲ့ ခလရ ၃၅ တပ်ရင်းအတွင်းရှိ လက်နက်တိုက် မီးလောင်ပေါက်ကွဲခဲ့တာဖြစ်ပြီး ပေါက်ကွဲသံတွေ အချက် ၁၀၀ ကျော် ကြားရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
အဆိုပါ ပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး လူတွေထိခိုက်ဒဏ်ရာရတာရှိမရှိ အသေးစိတ်မသိရသေး ပါဘူး။
ဒီကနေ့ မနက်ပိုင်းကလည်း မိတ္ထီလာလေတပ်စခန်းနဲ့ မကွေးလေတပ်စခန်းတွေမှာ ပေါက်ကွဲမှုတွေ ဖြစ်ခဲ့ပါသေးတယ်။