Home
မြန်မာသတင်း
ကွတ်ခိုင်တိုးဂိတ်တွင် လက်နက်ကြီးကျည် ၄ လုံးထက်မနည်း ကျရောက်ပေါက်ကွဲ၊ ၁ ဦး ဒဏ်ရာရ
DVB
·
April 23, 2021
178229077_419627609085238_2032630813954536893_n
176385754_419627802418552_8673656860728343208_n
175648450_419627725751893_7343817812674133405_n
175099650_419627645751901_6110376503043448003_n

ရှမ်းပြည်နယ်၊ ကွတ်ခိုင်တိုးဂိတ်မှာ  ဧပြီလ ၂၃ ရက်က   လက်နက်ကြီးကျည် ၄ လုံးထက်မနည်း ကျရောက် ပေါက်ကွဲပြီး လူ  ၁ ဦးထိမှန် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

တိုးဂိတ်ရုံးရဲ့ အနောက်ဘက်‌တောအတွင်းကနေ ရုံးအတွင်းကို  ဒီနေ့ မွန်းလွဲ ၂ နာရီဝန်းကျင်က လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တာဖြစ်ပြီး လက်နက်ကြီးကျည် ၄ လုံးထက်မနည်း ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ပြောပါတယ်။

မျက်မြင်တစ်ဦးဖြစ်သူ လားရှိုး - နမ့်ဖတ်ကာ ကုန်သည်တစ်ဦးက  "ကျနော်တို့ အဲနား ရောက်တော့ ပစ်ပြီးနောက် ဖြစ်နေတယ်။ ကျည် ၂ လုံး ပစ်ထည့် လိုက်တာတော့ မြင်လိုက်တယ်။ ကျနော်တို့လည်း ကားတော့ မရပ်တော့ဘူး။ ခဏ ငြိမ်သွားတော့ မောင်းသွားလိုက်တယ်" လို့ ပြောပါတယ်။

တိုးဂိတ်ရုံးရဲ့ ဝင်းအတွင်းမှာနေထိုင်တဲ့ အသက် ၃၀ ကျော် အမျိုးသားတစ်ဦး ဝမ်းဗိုက်မှာ လက်နက်ငယ်ကျည်ဆန် ထိမှန်ခဲ့သလို အဆောက်အဦတချို့နဲ့ Wish ကားမှန်‌တွေ လက်နက်ကြီး ကျည်ဆန် ထိမှန်ခဲ့တယ်လို့ မျက်မြင်တစ်ဦးက ပြောပါတယ်။

"မိုင်းစ ဗိုက်ထိ လူနာက ကုမ္ပဏီမှာ ရေကား မောင်းတဲ့ ကားဆရာ။ သူ့မိန်းမနဲ့ ကလေးကို စိတ်မချလို့ အပြန်မှာ ထိတာ။ လူနာကို လားရှိုးပို့လိုက်ရတယ်။ ကွတ်ခိုင်ဆေးရုံမှာ သွေးချိတ်ပြီးတော့လေ" လို့ ကူညီခဲ့သူတစ်ဦး က ပြောပါတယ်။

မြောက်ပိုင်း မဟာမိတ်အဖွဲ့တွေဖြစ်တဲ့ TNLA, MNDAA, AA ပူးပေါင်းအဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေအကြား ကွတ်ခိုင်မြို့ အထွက်နားက မန်ဘန်ရွာအနီးမှာ ဒီနေ့မနက်က  တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့လည်း ဒေသခံ တချို့က ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024