ရာဇဝင်တွေနဲ့မြို့တော်ပုဂံမှာ ဧပြီလ ၂၃ ရက်နေ့ မနက်ပိုင်းက အကြမ်းဖက်စစ်ကောင်စီ ကျဆုံးရေး ဒေသခံပြည်သူ ၁၀၀ ကျော် စုပေါင်းပြီး ဆန္ဒပြခဲ့ကြပါတယ်။
ဖမ်းဆီးခံထားရတဲ့သူတွေ ပြန်လွှတ်ပေးရေး၊ ဒီမိုကရေစီရရှိရေးနဲ့ အကြမ်းဖက်စစ်ကောင်စီ ကျဆုံးရေး စတဲ့ ကြွေးကြော်သံတွေနဲ့အတူ မြို့တွင်းလှည့်လည်ပြီး ဆန္ဒပြခဲ့ကြတာလို့ ပါဝင်သူတွေက ပြောပါတယ်။
အကြမ်းဖက်စစ်ကောင်စီကျဆုံးရေး ဆန္ဒပြပွဲမှာပဲ CRPH က ဖွဲ့စည်းခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ထောက်ခံ ကြိုဆိုတာတွေ ပြုလုပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။
အကြမ်းဖက်စစ်ကောင်စီကျဆုံးရေး ဆန္ဒပြသူတွေသွားတဲ့ လမ်းမှာ ပြည်သူတွေက အားပေးထောက်ခံတာတွေပြုလုပ်ပြီး လက်သုံးချောင်း ထောင်ပြခဲ့ကြတယ်လို့ သိရပါတယ်။
Photo - CJ / MPA