အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် တက်မည့်အစည်းအဝေး အင်ဒိုနီးရှား အရပ်ဘက်အဖွဲ့များ ဆန္ဒပြမည်

အာဏာသိမ်းအကြမ်းဖက်စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူကြီးမင်းအောင်လှိုင်တက်မယ့် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ အာဆီယံအစည်းအဝေးနေ့မှာ အင်ဒိုနီးရှားနိုင်ငံက အရပ်ဘက်အဖွဲ့အစည်းတွေက ဆန့်ကျင်ကန့်ကွက် ဆန္ဒပြမယ်လို့ LOCOA အဖွဲ့က ဒီကနေ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ နိုင်ငံတကာက သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။ 

မြန်မာအပါအဝင် အိန္ဒိယ၊ အင်ဒိုနီးရှား စတဲ့ နိုင်ငံ ၈ နိုင်ငံပါဝင်တဲ့ အာရှရဲ့အရပ်ဘက်အဖွဲ့အစည်းခေါင်းဆောင်များ (LOCOA) အဖွဲ့က အမျိုးသားညီညွတ်ရေးအစိုးရသာ မြန်မာနိုင်ငံရဲ့ တစ်ခုတည်းသောအစိုးရဖြစ်ပြီး တရားမဝင်တဲ့ အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ကို အာဆီယံ အစည်းအဝေးဖိတ်တာကို ရုပ်သိမ်းပေးဖို့လည်း တောင်းဆိုထားပါတယ်။ 

LOCOA က လုပ်တဲ့ ဒီကနေ့ သတင်းစာရှင်းလင်းပွဲကို အမျိုးသမီးလူငယ်နှင့်ကလေးလူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နော်ဆူဆန်နာလှလှစိုးတက်ရောက်ခဲ့ပြီး အာဆီယံနိုင်ငံတွေအနေနဲ့ စစ်အာဏာသိမ်းတာကို အသိအမှတ်မပြုဖို့နဲ့ ပြည်သူတင်မြှောက်ထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ပြောဆိုခဲ့ပါတယ်။ 

အဲဒီအပြင် အရပ်ဘက်အဖွဲ့အစည်းခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ ဆရာစိုင်းဆမ်ခမ်းက အာဆီယံဟာ မြန်မာနိုင်ငံရဲ့ဖိနှိပ်မှုတွေမှာ ပြည်သူဘက်က ရပ်တည်ပေးတာမရှိဘဲ စစ်တပ်ဘက်ကပဲ ရပ်တည်ပေးတယ်လို့ပြောပါတယ်။ 

အာဆီယံရဲ့အကျိုးစီးပွားတွေဟာ မြန်မာနိုင်ငံထဲမှာ အများဆုံးရှိနေတာကြောင့် ဘက်မလိုက်ဘဲနဲ့ ဖျန်ဖြေပေးမယ် မမြင်ဘူးလို့ ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up