မြစ်ကြီးနား ဘွမ်ရာယာန်စစ်‌ဘေးရှောင်စခန်း စားနပ်ရိက္ခာနှင့်ဆေးဝါးများ လိုအပ်

ကချင်ပြည်နယ် မြစ်ကြီးနားခရိုင်၊ အင်ဂျန်းယာန်မြို့နယ်အတွင်းရှိ ဘွမ်ရာယာန် စစ်ဘေး‌ရှောင်စခန်း (Bum Ra Yang IDPs camp) မှာ စားနပ်ရိက္ခာနဲ့ ဆေးဝါး အရေးပေါ်လိုအပ်နေပါတယ်လို့ စစ်ဘေး‌ရှောင်စခန်း တာ၀န်ရှိသူတစ်ဦးက ပြောပါတယ်။

ဘွမ်ရာယာန် စစ်ဘေးရှောင်စခန်းဟာ လမ်းပန်းဆက်သွယ်ရေးနဲ့ ဖုန်းလိုင်းတွေ အခက်အခဲ ရှိတာကြောင့် စစ်ဘေးရှောင်ပြည်သူတွေအတွက် ကဏ္ဍစုံ အကူညီများစွာ လိုအပ်နေတယ်လို့ ပြောပါတယ်။

“ဘွမ်ရာယာန်စစ်‌ဘေးရှောင်စခန်းကို လွန်ခဲ့တဲ့တစ်လက ပြန်လည်ဖွင့်ဖြစ်သွားတယ်။ စစ်ဘေးရှောင် အိမ်ထောင်စုစုပေါင်း ၁၃၁ မိသားစုနေထိုင်ပြီး လူဦးရေအနေနဲ့ ၅၅၉ ဦး ရှိသွားပြီ ဖြစ်လို့ မိုးတွင်းကာလ မရောက်မှီစားနပ်ရိက္ခာနဲ့ ဆေးဝါးများ အထူးသဖြင့် လိုအပ်နေတယ်" လို့  တာဝန်ရှိသူက  ပြောပါတယ်။

ကချင်ပြည်နယ်အတွင်း နေရာအနှံ့ပြားမှေ တိုက်ပွဲအခြေအနေ ပြင်းထန်တင်းမာနေပြီး စစ်ဘေးရှောင်တွေ ထပ်တိုးလာနိုင်သလို အခြေခံအသုံးဆောင်ပစ္စည်းတွေ၊ အ၀တ်ထည်နဲ့ ဆိုလာပြား စတာတွေ များစွာလိုအပ်နေတယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up