ရေးမြို့ပြည်သူ့ဆေးရုံအုပ် ဒေါက်တာသက်ပိုင်ကို အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီး

မွန်ပြည်နယ်၊ ရေးမြို့ပြည်သူ့ဆေးရုံအုပ် ဒေါက်တာ သက်ပိုင်ကို ဧပြီ ၁၃ ရက် ညက အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက ဆေးရုံဝင်းနေအိမ်မှာ လာရောက် ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ ဒေသခံ ၁ ဦးက ပြောပါတယ်။

ဆေးရုံအုပ်ဒေါက်တာသက်ပိုင်အပါအဝင်  တခြားပြည်နယ်နဲ့တိုင်းတွေက ဆေးရုံအုပ်တွေ၊ မြို့နယ်ဆရာဝန်တွေနဲ့ အထူးကုဆရာဝန်တွေ စုစုပေါင်း CDM ဝန်ထမ်း အယောက် ၂၀ ကို စစ်အုပ်စုက  ပုဒ်မ ၅၀၅ (က) နဲ့ မနေ့ညက အမှုဖွင့် ဖမ်းဝရမ်းထုတ်အပြီးမှာ  အခုလို ဖမ်းဆီးသွားခဲ့တာပါ။

ရေးမြို့နယ်မှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက ဆန္ဒပြသူတွေကို ဖမ်းဆီးလာခဲ့တဲ့အပြင် ဝန်းထမ်းတွေထဲမှာ အခုဆို ဆေးရုံအုပ် ဆရာဝန်ကြီးရာထူးအဆင့်ထိပါ စတင်ဖမ်းဆီးလာခဲ့ပါတယ်။

CDM ဝင်ထားကြတဲ့ ၀န်ထမ်းတွေဟာ ထွက်ပြေးတိမ်းရှောင်နေကြရပြီး ဆန္ဒပြလို့ ဖမ်းဆီးခံရတဲ့သူ အယောက် ၂၀ လောက်နဲ့ မတရားဖမ်းဆီးခံထားရသူတွေ ဒီနေ့အထိ စုစုပေါင်း  အယောက် ၃၀ အထက်မှာ ရှိနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up