အဆိုတော် ဖြူဖြူကျော်သိန်း အပါအဝင်နောက်ထပ် အယောက် ၂၀ ကို ပုဒ်မ ၅၀၅ (က)ဖြင့် အမှုဖွင့်

နာမည်ကြီး အဆိုတော် ဖြူဖြူကျော်သိန်း အပါအဝင် နောက်ထပ် လူပုဂ္ဂိုလ် အယောက် ၂၀ ကို ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) နဲ့ အမှုဖွင့်အရေးယူ ဆောင်ရွက်နေတယ်လို့ အာဏာသိမ်းစစ်တပ်ရဲ့မီဒီယာက ဧပြီ ၁၃ ရက်နေ့မှာ ထပ်မံ ကြေညာပါတယ်။
အမှုဖွင့်ခံထားရသူတွေအထဲမှာ ဖြူဖြူကျော်သိန်း၊ ထက်အိမ့်(ခ) ထက်ထက်အိမ့်၊ ညီညီ၊ ရွှေရည်၊ ယွန်းသိရိရွှေဇင်၊ ကျော်စွာချမ်းမြေ့၊ မျိုးဝင်း၊ ကျော်သက်၊ ဇော်အောင်၊ ခိုင်ခိုင်ဝင်း၊ စန္ဒာကူးဇော်၊ ဝေဖြိုးလွင်၊ ကိုဖြိုး၊ ဟေမန်သူသူအောင်၊ ဒေါက်တာရန်နိုင်၊ မြင့်မိုရ်စံ၊ နန်းဧကရီစိုး၊ ဇော်မျိုးထက်၊ ကောင်းခန့်ဟိန်းနဲ့ ဟန်လင်းဦးတို့ ပါဝင်ပါတယ်။
အလားတူ ထင်ရှားတဲ့ အကယ်ဒမီ ရုပ်ရှင်သရုပ်ဆောင်တွေ၊ အဆိုတော်တွေ၊ ရုပ်ရှင်ဒါရိုက်တာတွေ၊ မော်ဒယ်တွေ အနုပညာရှင်တွေနဲ့ အွန်လိုင်းမှာလူသိများသူတွေ အပါအဝင် ဒီကနေ့အထိ ပုဒ်မ ၅၀၅ (က) နဲ့ အမှုဖွင့်အရေးယူခံထားရသူပေါင်း အယောက် ၂၀၀ လောက် ရှိသွားပြီဖြစ်ပါတယ်။
ပုဒ်မ ၅၀၅ (က) နဲ့ အမှုဖွင့်ခံထားရတဲ့ နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ ပြေတီဦး၊ အိန္ဒြာကျော်ဇင်နဲ့ မော်ဒယ်ပိုင်တံခွန်ကိုလည်း ပြီးခဲ့တဲ့ပိုင်းက ရန်ကုန်ရှိ သူ့တို့ရဲ့နေအိမ်မှာ စစ်တပ်က ဖမ်းဆီးခဲ့ပါတယ်။
Photo- Credit

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up