Home
မြန်မာသတင်း
သင်္ကြန်နှင့်အတူ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုများဆက်လုပ်
DVB
·
April 13, 2021

ဒီနေ့ မြန်မာသက္ကရာဇ် ၁၃၈၂ ခုနှစ်  တန်ခူးလဆန်း ၂ ရက်နေ့ ဟာ  မြန်မာတို့ရဲ့ နှစ်ကူး အတာသင်္ကြန် အကြိုနေ့ဖြစ်ပါတယ်။ ဒီနှစ် ရိုးရာအတာသင်္ကြန်မှာတော့ အကြမ်းဖက် စစ်ကောင်စီရဲ့ အာဏာသိမ်းကာလကလည်း  ၂ လခွဲလောက်ရှိလာပြီဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ အာဏာသိမ်းကာလတလျှောက်မှာတော့ လူထုဟာ ရရာနည်းလမ်းအမျိုးမျိုးနဲ့ စစ်အာဏာရှင် ဆန့်ကျင်တော်လှန်နေကြသလို ဒီသင်္ကြန်ကာလ မတိုင်ခင်မှာတော့ စစ်ကောင်စီက သင်္ကြန်ပွဲလမ်းသဘင်တွေ လုပ်ဖို့လည်း မဏ္ဍပ်တွေ ပြင်ထားတာလည်း တွေ့ရပေမဲ့ ပြန်ဖျက်တာလည်း တွေ့ရပါတယ်။ 

တဘက်မှာလည်း စစ်အာဏာရှင်ဆန့်ကျင်နေကြတဲ့ ပြည်သူတွေကတော့ သင်္ကြန်ပွဲလမ်း သဘင်တွေမှာ မပါဖို့ ဆန္ဒရှိနေကြပါတယ်။ ဒီသင်္ကြန်ကာလမှာ အာဏာရှင်ဆန့်ကျင်ရေးသာ ဆက်လုပ်သွားမှာဖြစ်ပြီး ပျော်ပွဲရွှင်ပွဲတွေလုပ်မှာ မဟုတ်ကြောင်း ဆိုထားပါတယ်။

သင်္ကြန်နဲ့အတူ  အတာအိုးတော်လှန်ရေးလို  စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှု အသွင်အနေနဲ့  ဒီနေ့ သင်္ကြန်အကြိုနေ့မှာ စတင် တွေ့နေရပြီဖြစ်ပါတယ်။ 

ဒီနေ့ သင်္ကြန်အကြိုနေ့အပြင် အကျနေ့၊ အကြတ်နေ့၊ အတက်နေ့နဲ့ နှစ်ဆန်း ၁ရက်နေ့ စတဲ့ သင်္ကြန်ကာလတလျှောက် စစ်အာဏာရှင်တော်လှန်ရေးကို ပုံစံအမျိုးမျိုးနဲ့ လုပ်သွားဖို့လည်း ရှိနေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024