ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်အတွင်း စစ်အာဏာရှင်အလိုမရှိကြောင်း ဆန္ဒပြခဲ့လို့ ဖမ်းဆီးခံရသူပေါင်း ၂၂ ယောက်ရှိသွားပြီလို့ ဗန်းမော်လူမှုကွန်ရက်က ထုတ်ပြန်ပါတယ်။
ဖမ်းဆီးခံဒီလူဦးရေစာရင်းကို ဗန်းမော်ခရိုင်ရဲ့ လူမှုကွန်ရက်မှာ ဧပြီ ၉ ရက် နေ့လယ်ပိုင်းက ထုတ်ပြန်ကြေညာခဲ့တာပါ။
လက်ရှိ ဖမ်းဆီးခံထားရသူ ၂၂ ယောက်အထဲမှာ ပုဒ်မ ၅၀၅ (က) နဲ့တရားစွဲဆို ခံရသူ ၉ ယောက် ၊ ပုဒ်မ ၂၅ နဲ့က ၂ ယောက်ရှိပြီး ကျန် ၁၁ ယောက်ကတော့ ဘယ်ပုဒ်မနဲ့ တရားစွဲဆို ဖမ်းဆီးခဲ့သလဲဆိုတာ မသိရှိသေးဘူးလို့ ဖော်ပြထားပါတယ်။
ဖမ်းဆီးထိန်းသိမ်းခံရသူအရေအတွက် ဒီထက်ပိုမိုလာနိုင်တာမို့ ဆက်သွယ်စာရင်းပေးကြဖို့ ဗန်းမော်ကွန်ရက်ရဲ့ ကြေညာချက်မှာ တိုက်တွန်းထားပြီး ဖမ်းဆီးခံရသူတွေအတွက် ကူညီပေးနိုင်မယ့် ဖွဲ့အစည်းတွေနဲ့ ချိတ်ဆက် ဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။