မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့နယ်က ပိန်းပြစိအပေါ်ရွာမှာ အာဏာသိမ်းစစ်တပ်ရဲ့ စစ်သားတွေဟာ ဧပြီ ၇ ရက်နေ့ကနေစပြီး ပြည်သူတွေနေအိမ်မှာ ခွင့်မတောင်းဘဲ တပ်ဖြန့်နေ တယ်လို့ သိရပါတယ်။
ပြည်သူတွေဆီက ခွင့်တောင်းတာမျိုးမရှိပဲ တစ်အိမ်ကို ၂ ယောက်တပ်ဖြန့်ပြီး နေနေတဲ့အပြင် ဧပြီ ၈ ရက်နေ့မှာ အင်အားပိုများလာတာကြောင့် ပြည်သူတွေက စိုးရိမ်ထိတ်လန့်နေကြပါတယ်။
ဘာကြောင့် လာနေတယ်ဆိူတာကိုမသိရပဲ တအိမ်ကို ၂ ယောက်ဝင်နေပြီး ရွာသူရွာသားတွေက မဆန့်ကျင်ရဲ မပြောရဲဖြစ်နေတာကြောင့် နှုတ်ပိတ်နေရတယ်လို့ ဆိုပါတယ်။
အရင်က အခုလိုတပ်ဖြန့်ပြီး လာနေတာ မရှိတာကြောင့် ဒေသခံရွာသူရွာသားတွေက စိုးရိမ်ထိတ်လန့်နေကြတာ ဖြစ်ပါတယ်။