Home
မြန်မာသတင်း
မွန်ပြည်နယ်တွင် PSI စလောင်း‌များကို စစ်အုပ်စုက လိုက်လံသိမ်းဆည်း
DVB
·
April 8, 2021
170010189_1575866332744296_8120715706323648880_n
169355238_1575866259410970_7574161850720130643_n
169088871_1575866406077622_3622612097062737829_n
168700845_1575866302744299_1129292930575353803_n

မွန်ပြည်နယ် မြို့နယ်တချို့မှာ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့တွေက   PSI စလောင်း‌တွေကို ဒီကနေ့ ဧပြီလ ၈ ရက်နေ့ ကစပြီး လိုက်လံသိမ်းဆည်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရဲနဲ့စစ်တပ်က ဒီနေ့မနက်ပိုင်းကတော့ ကျိုက်မရောမြို့နယ်က နေအိမ်တွေမှာ လိုက်လံသိမ်းဆည်းခဲ့တာဖြစ်ပြီး နေ့လယ်ပိုင်းမှာတော့ ပေါင်မြို့က အရောင်းဆိုင်တွေမှာ PSI စလောင်းနဲ့ စက်တွေကိုပါ သိမ်းဆည်းသွားခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ စစ်တပ်ရဲ့ မတရားမှု‌တွေကို ထုတ်လွှင့်နေတဲ့  DVB နဲ့ Mizzma ရုပ်သံလိုင်းတွေကို  PSI စလောင်း‌တွေမှာ ကြည့်ရှုနိုင်တဲ့အတွက်ကြောင့် အကြမ်းဖက်စစ်အုပ်စုက  သတင်းအမှောင်ချဖို့အတွက် လိုက်လံသိမ်းဆည်းနေတာပါ။

အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီဟာ  ပြည်သူတွေ သတင်းသိခွင့်မရအောင် သတင်းမီဒီယာတွေကို ထုတ်ဝေခွင့်ရပ်ဆိုင်းတာ၊ သတင်းသမားတွေကို ဖမ်းဆီးထောင်ချတာနဲ့  အင်တာနက်တွေကို  ဖြတ်တောက်တာတွေလည်း လုပ်ဆောင်နေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024