Home
မြန်မာသတင်း
ယင်းမာပင်နှင့် ဆားလင်းကြီး ပြည်သူများပူးပေါင်းပြီး စစ်အာဏာရှင်ကို ဆန့်ကျင်သပိတ်မှောက်
DVB
·
March 29, 2021
166462418_2712034859019073_1784723429250767924_o-1
166462494_2712034922352400_3887016775428396658_o
166462418_2712034859019073_1784723429250767924_o

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်နဲ့ ဆားလင်းကြီးမြို့နယ်တို့က ပြည်သူတွေ  ပူး​ပေါင်းပြီး မတ်လ ၂၉ ရက်​နေ့မှာလည်း အကြမ်းဖက်တပ်ဖွဲ့တွေကို ရှောင်ရှားကာ စစ်အာဏာရှင်ကျဆုံး​ရေးသပိတ် ဆက်လက်ပြုလုပ်ခဲ့ကြတာပါ။

ပူး​ပေါင်းသပိတ်အဖွဲ့ကို ရဲနဲ့စစ်တပ်က ပစ်ခတ်ဖြိုခွင်းခဲ့လို့ ဆန္ဒပြပြည်သူ ၁ ဦးကျဆုံးအပြီး အရင်ပုံမှန် ဆန္ဒပြပွဲလုပ်တဲ့​နေရာမှာ လက်နက်ကိုင်တပ်တွေ နေရာယူထားတာ​ကြောင့် ​​တစ်ခြား​နေရာတွေမှာ ရှောင်လွှဲကာ ​ဆက်လက် ဆန္ဒပြနေကြတာ ဖြစ်ပါတယ်။

မြို့နယ်ပူး​ပေါင်းသပိတ်အဖွဲ့ဟာ မနက်ဖန် မတ်လ ၃၀ ရက်​နေ့မှာ​တော့ ယခင်​နေ့​တွေကလို လမ်း​လျှောက်ဆန္ဒထုတ်​ဖော်မှုမပြုလုပ်ဘဲ  ရုံးမသွား-အလုပ်မသွား-အပြင်မထွက်ဘဲ ကိုယ့်အိမ်ထဲမှာ အသံတိတ်ပုံစံနဲ့  စစ်အာဏာရှင်ကို ဆန့်ကျင်​တော်လှန်သွားမယ်လို့ ဆိုပါတယ်။

ယင်းမာပင်မြို့နယ်နဲ့ ဆားလင်းကြီးမြို့နယ်တို့ ပူး​ပေါင်းသပိတ်ဟာ မတ်လ ၂၇ ရက်​နေ့က အကြမ်းဖက်စစ်တပ်နဲ့ ရဲတွေရဲ့ ​သေနတ်နဲ့ပစ်သတ်ခံရလို့ ဆန္ဒပြပြည်သူ ၁ ဦး ကျဆုံးခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024